La La Lah Grill & Pot

ဟော့ပေါ့ဆိုင်တွေ အကင်ဆိုင်တွေကလည်းရွေးစရာတွေတော်တော်လေးများလာတော့ ဘယ်ဆိုင်သွားစားရမှန်းကို မသိတော့ဘူး။ ကံကောင်းချင်တော့ ကိုယ်တွေနားက ဆိုင်လေးတစ်ဆိုင်မှာ ဟော့ပေါ့ရော အကင်ရောနှစ်မျိုးလုံးအချိန်အကန့်အသတ်မရှိ အဝဆွဲလို့ရတယ်ကြားတော့ ဒီကပရိသတ်တွေကိုလည်းသိစေချင်လို့ သွားလိုက်တော့တယ်။
La La Lah Grill & Pot ဆိုတဲ့ဆိုင်လေးက အဝစားဘူဖေးဆိုင်ပါ။ တစ်ခုထူးခြားတာက တခြားဘူဖေးတွေလို ကိုယ်တိုင်ရွေးရတာမဟုတ်ပဲ ကိုယ်မစားတဲ့အသား၊အသီးအရွက်တွေကလွဲရင် အကုန်လာချပေးပါတယ်။ Appetizerဆိုရင်လည်း စားခါနီးမှ ပူပူနွေးနွေးလာချပေးထားတယ်။ အသားဆိုရင် ကြက်၊ဝက်၊ အမဲ၊ ပုစွန်၊ ငါး၊ ပင်လယ်စာတွေရှိသလို အသီးအရွက်ဆိုရင်လည်း တော်တော်လေးစုံပါတယ်။
အရင်ဆုံး ဆိုင်ရဲ့menuတွေနဲ့မိတ်ဆက်ပေးရရင် Standard Buffet ရယ် ၊ Premium Buffet ဆိုပြီးရှိတယ်။ ဟော့ပေါ့သီးသန့်စားမယ်ဆိုရင်တော့ ၁၁၅၀၀တန်Standard buffetရှိသလို ၊ ၁၃၅၀၀တန် premium မှာတော့ ဟော့ပေါ့ရော၊ အကင်ပါအဝစား။ပိုတန်တာပေါ့နော်။
ဟင်းရည်ဆိုရင် ပုံမှန်ဟင်းရည်အချို၊ မာလာ၊ တုံယွမ်း၊ ခရမ်းချဉ်သီး၊ sukiyakiကတော့ ဂျပန်ဟော့ပေါ့ကိုအခြေခံထားတာပါ။ အချဉ်ဆိုရင်လည်း la la lah ဆော့အစပ်၊ အချို၊ တို့ဖူးဆော့စ်၊ ပင်လယ်စာအစပ်ဆိုပြီးရှိပါသေးတယ်။ ဒီဆိုင်ကိုပိုသဘောကျစေတဲ့အချက်က အသားတွေက လတ်ဆက်ပြီး စားလို့သိပ်ကောင်း၊ အကင်ဆိုရင်လည်း ဆော့စ်ဆမ်းပေးထားတဲ့အသားပြားအကြီးကြီးတွေ။ ညှော်နံတွေလည်းမဆွဲဘူးလေ။
အဝစားဆိုတော့ ကျန်နေသေးတာကအချိုပွဲ ရေခဲမုန့်၊ အသီးကြိုက်ရာစား။ ရေခဲမုန့်က ချောကလတ်၊သရက်၊ဒူးရင်း အသီးဆိုရင်လည်း ပန်းသီး၊ ပန်းသစ်တော်၊ ဖရဲသီးစသဖြင့်ရာသီပေါ်သီးနှံအစုံ စားလို့ရသေးတယ်။ ဝန်ထမ်းတွေကလည်း ဝန်ဆောင်မှုသိပ်ကောင်း၊ ဆိုင်လေးကလည်း သူငယ်ချင်းတွေနဲ့မိသားစုတွေလာစားရင် တော်တော်အဆင်ပြေတဲ့ဆိုင်လေးဆိုတော့ foodieတွေအတွက် ဒီဆိုင်လေးထပ်ညွန်းပေးလိုက်ပါတယ်။ ဆိုင်လိပ်စာက- အမှတ်(၂၅/၉)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမှာရှိတဲ့ La La Lah Grilled & Pot ဆိုတဲ့ဆိုင်လေးပါ။ မနက်(၁၀)နာရီကနေ ည(၁၀)အထိဖွင့်လှစ်ထားပါတယ်။
မှတ်ချက်- Lalalahရဲ့ promotion post ကို like and share လုပ်ပေးတာနဲ့ (၄)ယောက်အထက်ကို ၂၀ရာခိုင်နှုန်း discount/ (၄)အောက်ဆိုရင်တော့ ၁၀ရာခိုင်နှုန်းdiscount ရှိပါတယ်။
နောက်ပြီးlangyaung appသုံးပြီးသွားမယ်ဆိုရင်လည်း Happy hour အနေနဲ့ ညနေ၄နာရီ်ကနေ၁၀နာရီ အထိ လူ(၄)ယောက်ဆိုရင် ၂၀ရာခိုင်နှုန်းdiscountရှိပါသေးတယ်။