Golden Pho ဗီယက်နမ်စားသောက်ဆိုင် (Sule Square Mall)

😊😊ဒီတစ်ပတ် OKM foodieတွေအတွက် စားနေကျမဟုတ်တဲ့ ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

👉🏻👉🏻👉🏻ဗီယက်နမ်စာစစ်စစ်လည်းစားရမယ်။
အေးအေးဆေးဆေးနဲ့ ကော်ဖီလေးသောက် 👜👜👓👓ဈေးဝယ်လည်းထွက်လို့ရမယ့် Sule Square ပထမထပ်မှာဖွင့်လှစ်ထားတဲ့ Golden Pho-Vietnamese Cuisine ဆိုင်လေးပဲဖြစ်ပါတယ်။

🤩🤩ဆိုင်အပြင်အဆင်ခပ်ရှင်းရှင်းလေးနဲ့ ဗီယက်နမ်စာကောင်းကောင်းလေးတွေမြည်းစမ်းချင်တဲ့သူတွေအတွက် ဒီဆိုင်လေးကအဆင့်ရှိနေမှာပါ။

ဒီတော့ ဗီယက်နမ်အစားအသောက်တွေဆိုတာ🤔ဘယ်လိုမျိုးလဲဆိုတာလေး စပြီး မြည်းလိုက်ရအောင်။

Pho noodle slice chicken🍜🍜
🇻🇳ခေါက်ဆွဲပြုတ်ဆိုပေမယ့် ဆန်ပြားခေါက်ဆွဲကိုသုံးထားပါတယ်။ဗီယက်နမ်လူမျိုးတွေတော်တော်လေးကြိုက်ကြပါတယ်။

-ကြက်သားပြုတ်ရည်ခပ်ချိုချိုရယ်၊ ကြက်သားရယ်ကို ဗီယက်နမ်စတိုင်ချက်ထားတဲ့ ခေါက်ဆွဲပါ။
-အချဉ်၊ အငံ၊အစပ်အတွက် ကိုယ်လိုသလိုထည့်ဖြည့်ပြီးစားလို့ရပါတယ်။
- ခေါက်ဆွဲသားလေးကနူးညံပြီး ငရုတ်ကောင်းနံခပ်သင်းသင်းနဲ့မို့ စားပြီးရင်းစားချင်ပဲ။တစ်ပွဲကို(၅၀၀၀)ပါ။

Pho noodle Cooked slice🍜🍜
🇻🇳
နောက်တစ်ပွဲကတော့ဆန်ပြားခေါက်ဆွဲကိုပဲ အမဲသား(muscle & belly)နဲ့ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်တဲ့။ အသားတွေအများကြီးထည့်ထားပေးတယ်။အမဲသားကို taste(၃)မျိုးနဲ့မှာယူနိုင်ပါတယ်။
ခေါက်ဆွဲနဲ့တွဲဖက်စားဖို့ ပဲပင်ပေါက်ရယ်၊ ရှမ်းနံနံရယ်၊ထိုင်းပင်စိမ်းရယ်။ သူကတစ်ပွဲကို(၄၅၀၀)ပါ။
✔️✔️ကျန်းမာရေးနဲ့ညီညွတ်တဲ့ အားဖြည့်စာလို့ပြောလို့ရပါတယ်။✔️✔️

🇻🇳Rice paper roll prawn pork🌯🌯
မြန်မာကော်ပြန့်လိပ်ပုံစံနဲ့ဆင်ပါတယ်။ သူ့ကော်ပြန့်ရွက်ကတော့ ခပ်ကြည်ကြည်လေးပဲ။
အထဲမှာ ထမင်းရယ်၊ ပုစွန်၊ ဝက်သားပြားကို အသီးအရွက်တွေနဲ့ရောလိပ်ထားတဲ့ roll ပါ။ မြေပဲဆော့စ်နဲ့တွဲဖက်စားလို့ရပါတယ်။

🔵ဗီယက်နမ်ဆိုင်ရောက်မှတော့ ဒေသထွက် ဗီယက်နမ်ကော်ဖီလေးက မပါမဖြစ်ပဲလေ။☕️☕️☕️
နို့ဆီနဲ့နှပ်ထားပေးတဲ့ ကော်ဖီခါးဆိမ့်လေးတစ်ခွက်က လန်းဆန်းတက်ကြွတဲ့ တစ်နေ့တာအချိန်လေးကိုပေးစွမ်းနိုင်မှာပါ။
😊😊ဗီယက်နမ်ကော်ဖီမှာမယ်ဆိုရင်တော့ စားနေတဲ့အချိန်မှာထားတာပိုအဆင်ပြေပါတယ်။ သူကတော့ တစ်ခွက်ကို ၃၀၀၀ကျပ်ပါ။

♥️♥️ဗီယက်နမ်စာတွေအပြင် အသုပ်၊ထမင်းနဲ့ဟင်း၊ လတ်လတ်ဆက်ဆက်ဖျော်ရည်မျိုးစုံ၊ဗီယက်နမ်ကော်ဖီ၊ ရေခဲမုန့်လည်း ရရှိနိုင်ပါတယ်။
♦️♦️ ဈေးနှုန်းတွေကတော့ အနည်းဆုံး(၃၅၀၀)ကနေစလို့ (၇၀၀၀)(၁၀၀၀၀)ကျပ်ဝန်းကျင်မှာရှိပါတယ်။

Golden Pho-Vietnamese Cuisine ဆိုင်လေးကတော့ 🕘မနက်(၉)နာရီကနေစလို့ 🕘ည(၉)နာရီအထိဖွင့်လှစ်ထားပါတယ်။
📞📞ဖုန်းနဲ့ဆက်သွယ်ချင်တယ်ဆိုရင်လည်း 090761650565 ကိုဆက်သွယ်နိုင်ပါတယ်။