ဆိုဖီယာ အန်ဒ် ကို

ရန်ကုန်မြို့မှာ ဘယ်သွားရမှန်းမသိဖြစ်နေလား။ ဆိုင်တွေအများကြီးပါ။ တစ်ချို့ဆိုင်တွေက western ဆန်လို့ နိုင်ငံခြားသားအလာများပေမယ့်လည်း အခုနောက်ပိုင်းမယ် ကိုယ့်localကလူတွေလည်း အလာများလာပါပြီ။ အခုတစ်ပတ် အစားအသောက်တွေထက် မိုးအေးအေးနဲ့ ကော်ဖီသောက်ရင်းသူငယ်ချင်းတွေနဲ့ chillလို့လည်းရ၊ ချစ်သူတွေအတွက် date လုပ်လို့လည်းကောင်း၊ နောက်ပြီး အလုပ်ကိစ္စနဲ့ သီးသန့်ဆွေးနွေးလိုရင်ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် ဆိုင်လေးတစ်ဆိုင်ကိုမိတ်ဆက်ပေးချင်ပါတယ်။
သိတဲ့သူတွေလည်းသိကြမှာပါ။ မသိတဲ့သူတွေလည်း ရှိသေးတယ်ထင်လို့ ပြန်ပြောပေးလိုက်ပါတယ်။ ပန်းဆိုးတန်းလမ်းနဲ့ကုန်သည်လမ်းထောင့် လောကနတ်ရှေးဟောင်းအဆောက်အဦးကြီးအောက်မှာ အပြာရောင်တောက်တောက်ဆေးခြယ်ထားတဲ့ Sofaer & Co restaurant ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ ရနိုင်တဲ့အစားအသောက်တွေထက် လူတော်တော်များများကိုဆွဲဆောင်ထားတာက ရှေးဟောင်းလက်ရာကြမ်းခင်းကျောက်ပြားတွေရယ်၊ ခပ်မှိုင်မှိုင်မီးဆိုင်းတွေရယ်၊ ပြီးတော့ နံရံထောင့်မှာ ရေးဆွဲထားတဲ့ “ထားနှမအကြောင်းကံ” ဆိုတဲ့ ပန်းချီရယ်။ တိတ်ဆိတ်ငြိမ်သက်မှုနေတဲ့ ပတ်ဝန်းကျင်ကြောင့် နားအေးပါးအေး စာဖတ်ပြီး ကော်ဖီတစ်ခွက်နဲ့ အနုပညာကို ခံစားချင်သူတွေအတွက် ဒီဆိုင်က ငြင်းစရာမရှိတဲ့ ရွေးချယ်မှုမှာပါဝင်ပါလိမ့်မယ်။ ဒါတင်ပဲလား။ မြန်မာစာ နဲ့ ဗီယက်နမ် စာလတ်လတ်ဆက်ဆက်စားသုံးနိုင်ပြီး ကိုယ်တစ်ခါမှ မမြည်းဖူးသေးတဲ့ အချိုပွဲလှလှလေးတွေပါ မြည်းစမ်းလို့ရပါသေးတယ်။ ဆိုင်ထဲရောက်ပြီဆိုတာနဲ့ detox water ကတော့ ကြိုက်သလောက်သာသောက်။ဝန်ဆောင်မှုကတော့ပြောစရာမလို။ ညနေပိုင်းမှာလည်း ကော့တေးကောင်းကောင်းနဲ့chillလို့ရသေးတယ်။ အေးအေးဆေးဆေးစားသောက်ရင်း ဓာတ်ဖမ်းချင်တယ်ဆိုရင်တော့ sofear & coကရွေးချယ်ရမယ့်ဆိုင်တွေထဲက တစ်ဆိုင်ပါပဲ။ Price ကတော့နည်းနည်းများပါတယ်။ ကိုယ်တစ်ခုခုမှာတော့မယ်ဆိုရင် waitress မမတွေကို သေသေချာချာမေးပြီးမှမှာပါ။ menu မှာ ပုံတွေမပါတော့ ကိုယ်ထင်ထားတာနဲ့ ဆိုင်ကserviceပေးတာနဲ့လွှဲမှာဆိုလို့ပါ။
ရွေးချယ်စရာ မီနူးတွေအများကြီးရှိပါတယ်။ ကြိုပြီး bookingလုပ်ထားချင်တယ်ဆိုရင်လည်း 09448333499 ကိုဆက်သွယ်ပြီး bookingလုပ်လို့ရပါတယ်။ မနက်(၈)နာရီကနေည(၁၁)နာရီအထိဖွင့်လှစ်ထားပါတယ်။