Tenri Ramen Restaurant

မင်္ဂလာပါ OKM foodieတို့ရေ။
မတွေ့တာကြာသလို မစားတာလည်းကြာရောပေါ့နော်။ foodie တို့အတွက် ဒီတပတ် ဆိုင်သန့်သန့်လေးတစ်ဆိုင်ရွေးပေးထားပါတယ်။ ကန်လမ်းမှာရှိတဲ့ တင်းလိ (Tenri Ramen Restaurant) ဆိုတဲ့ ဂျပန်ဆိုင်ပါ။ အင်းလျားကန်ဘောင်၊ Royal White Elephant ဟိုတယ်နားမှာရှိပါတယ်။
မီနူးကတော့ အစုံပဲ။ ဆိုင်ဝင်ဝင်သွားချင်း လာစားတဲ့ ဧည့်သည့်တွေကို ကြည့်လိုက်တော့ ဂျပန်တွေများပါတယ်။ ဂျပန်စာအစစ်ပေါ့လေ။ ဆိုင်ကနည်းနည်းကျဉ်းပေမယ့် သုံးမျိုးခွဲပေးထားတယ်။ အပေါ်မှာ ပေါ့ပေါ့ပါးပါးထိုင်စားလို့ရတဲ့ဂျပန်စတိုင်၊ အလယ်မှာတော့ ခုံအရှည်တွေနဲ့ အနည်းဆုံး(၆)ယောက်ထိုင်လို့ရတယ်။ ဘေးမှာတော့ (၄)ယောက်စာခုံလေးတွေရှိတယ်။
မီနူး(၃)အုပ်ရှိတယ်။ ဆူရှီရယ်၊ ခေါက်ဆွဲနဲ့ ထမင်း set မီနူးရယ်၊ နောက် ပေါ့ပေါ့ပါးပါးစားနိုင်မယ့် ဖက်ထုပ်၊အသား၊ စသဖြင့်ပေါ့။ မီနူးတွေများလွန်းလို့ စားခဲ့တာထဲက အကြိုက်ဆုံးတွေပဲပြောလိုက်မယ်နော်။
Miso Ramen ပွဲသေး(၆၀၀၀)
ပုံမှန်စားနေကျ မီဆိုတွေလို အနံမပြင်းပါဘူး။ မြေပဲအနှစ်အရသာလေးလိုပဲ။ ခေါက်ဆွဲသားကလည်း အိအိလေးပဲ။ ဂျပန်တွေလည်းကြိုက် မြန်မာတွေလည်း ကြိုက်တဲ့အရသာပါ။ ပွဲသေးတောင်တော်တော်စားရတယ်နော်။
Shogayaki Bento (6500)
သူကတော့ ထမင်းနဲ့ ဟင်း box ပါ။ ထမင်းရယ်၊ ဟင်းတစ်မျိုးရယ်၊အသီးအရွယ်တစ်မျိုးရယ်၊ ဂျပန်ကင်ချီရယ် ပါတဲ့ boxပါ။ ကိုယ်မှာတဲ့ box ထဲမှာဆိုရင် ဝက်သားကို ချင်းနံ့သင်းသင်းလေးနဲ့ ချက်ထားတဲ့ ဟင်းတစ်မျိုးရယ်၊ ဂျပန်တို့ဖူးရယ် ပါ ပါတယ်။ ချင်းပါတော့ အစာကြေလွယ်တာပေါ့ ။ ထမင်းနှမ်းဖြူးလေးကလည်း ပူပူလေးဆိုတော့ စားလို့ကောင်းပြီပေါ့။ ဂျပန်ထမင်းဗူးပုံစံနဲ့ တူပါတယ်။ တစ်ယောက်စာကိုပဲ တော်တော်ပြည့်နေအောင်စားရတယ်။
Butakatsu (5000)
သူကတော့ကြွပ်ကြွပ်မွမွ အသားလွှာကြော်။ မရိုးနိဆော့စ်နဲ့တို့စားရင် ပိုစားကောင်းတယ်။
သူတို့စီမှာ ထူးထူးခြားခြား Burrito sushi ဆိုတာလေးတွေလည်းရှိသေးတယ်။ ဝက်အူချောင်း၊ ဂဏန်း၊ ကြက်သား၊ ဝက်ချင်းအသားပြား ကြိုက်ရာရွေးလို့ရတဲ့ sushi လိပ်တွေပါ။
ဈေးနှုန်းတွေဖော်ပြမထားတာကလွဲရင် ကျန်တာအားလုံးအဆင်ပြေပါတယ်။ အရသာပိုင်း၊ ဝန်ဆောင်မှုပိုင်းကတော့ ပြောစရာမရှိပါဘူး။ ဂျပန်တွေအများဆုံးလာတဲ့ဆိုင်ဆိုပေမယ့် အရသာကို မြန်မာအကြိုက်ပြန်ပြောင်းထားလို့ စားရတာအဆင်ပြေစေမှာပါ။ ဈေးများပေမယ့် စားရတဲ့အရသာအတွက် ပေးရတာတန်ပါတယ်။ အခု beer promotionတွေလုပ်ပေးနေတယ်နော်။ ကြိုက်တက်ရင်တော့ မြန်မြန်လေးသွားလိုက်တော့။
ဆိုင်လိပ်စာကတော့ အမှတ်(၁၅)၊ ကန်လမ်း၊လှိုင်မြို့နယ်၊ Royal White Elephant ဟိုတယ်အနီးမှာရှိပါတယ်။ မနက်(၁၀)နာရီကနေ ည(၁၀)အထိဖွင့်ပါတယ်။
ပိတ်ရက်မှာ သွားစားစရာဆိုင်တစ်ဆိုင် တိုးပြီပေါ့နော်။
#okmfoodie
ဒီကူပွန်လေးနဲ့သွားရင် ဈေးလျော့ပေးမှာပါနော်။
https://langyaung.com/webapp/ezdin-gar/couposn/5a9e465f83c703.32404829