Kafe In Town

Foodieတို့ရေ အစားအသောက်ကလည်းကောင်းကောင်း အပြင်အဆင်လှလှလေးနဲ့ဆိုပိုအဆင်ပြေလိုက်တာမှပြောမနေတော့ဘူးပေါ့နော်။ ဒီလိုဆိုင်လေးတစ်ဆိုင်ကို OKM မင်မင်ကမနေ့က foodieတွေကိုပြောချင်လွန်းလို့ အပြေးလေးသွားစားလိုက်ပါတယ်လို့။
အစားအသောက်ကောင်းတွေနဲ့ ဆိုင်အပြင်အဆင်ခပ်မိုက်မိုက်ဆိုင်တွေဆို တချို့ကနည်းနည်းလေးရှိန်တက်ကြတယ်လေ။ ဒါပေမယ့် အခုပြောပေးမယ့်ဆိုင်က ဈေးကလည်းတန် မေ့မရတဲ့ အမှတ်တရလေးတွေလည်း ဖန်တီးနိုင်မယ့် ကုန်သည်လမ်းနဲ့ ပန်းဆိုးလမ်းထောင့်က Kafe In town ဆိုတဲ့ ကော်ဖီဆိုင်လေးပါ။
Kafe In Town ရဲ့အဓိကမီနူးတွေကိုပြောပါဆိုရင် ဘာဂါ၊ ကော်ဖီနဲ့ European စာတွေပိုများပါလိမ့်မယ်။ ပြီးတော့ dessert လှလှလေးတွေနဲ့ သဘာဝသစ်သီးဖျော်ရည်။ ဆိုတော့ကား မင်မင်တို့ မြည်းစမ်းကြည့်လာတဲ့ ချစ်ဖို့ကောင်းတဲ့ မီနူးလေးတွေကို foodie တွေကိုပြောပြပေးမယ်နော်။
ပထမတစ်ခုက Chicken Steak. တစ်ပွဲကိုမှ (၄၅၀၀)ပါ။ အာလူးထောင်းလေးရယ်၊ ကြက်သားပေါ်မှာ ဆမ်းမပေးပဲ သီးခြားခွဲထားပေးတဲ့ ငရုတ်ကောင်းနံသင်းနေတဲ့ ဟင်းအနှစ်လေးရယ်။ ဒီဆိုင်မှာတော့ steak ကိုလူတိုင်းလူတိုင်းစားနိုင်အောင် အကျက်ပဲလုပ်ပေးထားပါတယ်။ medium, cook ရွေးစရာတော့မလိုပါဘူး။
နောက်တစ်ခုကတော့ Grilled Chicken Riceပါ။ သူကတော့ (၃၅၀၀)ပါ။ လူငယ်တွေထက် လူကြီးပိုင်းတွေပိုအမှာများကြပါတယ်။ တစ်ခါတစ်လေ ထူးထူးဆန်းဆန်းဟင်းတွေကို သဘောမကျတဲ့ လူကြီးတွေအတွက် ရိုးလည်းမရိုး ဆန်းလည်းမဆန်းတဲ့ Grille Chicken Rice ကသူ့တို့အကြိုက်ဖြစ်စေမှာပါ။
Grilledသီးသန့်ဆိုတော့လည်း Grilled BBQ Chicken Burgerလေးလည်း ချန်ထားလို့မဖြစ်ပြန်ဘူး။ ကိုယ့်အတွက် မရိုးနိ၊ cheese အကြီးကြီးနဲ့ နူးညံနေတဲ့ ပေါင်မုန့်သားလေး။ တစ်ကိုက်ဆိုတစ်ကိုက်။ ဈေးနှုန်းကတော့ (၄၀၀၀)ဆိုပေမယ့်လည်း တန်ပါတယ်နော့။
စားတာလေးတွေလည်းများပြီဆိုတော့ အချိုတည်းဖို့အချိန်ရောက်လို့လာပြီ။ အစားချင်ဆုံးလေး Yogurt with Granola. ဒိန်ချဉ်ရယ်၊ အသီးအနှံတွေရယ်၊ oat,အစေ့အဆံတွေရောနှောထားတဲ့ Granola လေးရယ်။ ပျားရည်လေးတစ်ခွက်လည်းပေးထားပါတယ်။ သူကတော့အချိုအတွက်ပါ။ ဒီအတိုင်းစားရင်နည်းနည်းချဉ်လို့ ပျားရည်လေးရောစားတာပိုစားကောင်းပါလိမ့်မယ်။ တစ်ခွက်ကို (၃၅၀၀)ပါ။
ကော်ဖီကတော့ ထုံးစံအတိုင်း Hot Mocha လေးနဲ့ပဲ အစားပိတ်အဆုံးသတ်ပါတယ်။ Hot Mochaထဲ brown sugar လေးနည်းနည်းနဲ့သောက်ရတဲ့ ခပ်ဆိမ့်ဆိမ့်အရသာလေးက အခုလိုမိုးအေးအေးရာသီလေးနဲ့အလိုက်ဖက်ဆုံးပါပဲ။ Kafe In Twonက နံနက်(၇:၃၀)ကနေစလို့ ည(၁၁:၀၀)အထိဖွင့်လှစ်ရောင်းချနေပါတယ်။ တနင်္ဂနွေတစ်ရက်တော့ ဆိုင်ပိတ်ပါတယ်။ Kafe In Townနဲ့အပေါ်ထပ်က Hot Pot Restaurant ဆိုင်နဲ့ကတူတူပါပဲ။ သူကတော့ နံနက်(၁၁)နာရီကနေည(၁၀)နာရီအထိရောင်းချပေးပါတယ်။ ဆိုင်လိပ်စာကတော့ ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာရှိပါတယ်။ ဖုန်းနံပါတ်ကတော့ - ၀၉၇၈၁၈၈၈၈၃၈၊ ၀၉၇၈၃၈၈၈၈၁၈ ပါနော်။