Thai Box စားသောက်ဆိုင်

မိုးကလည်း ခုရက်ပိုင်းအတွင်းဆက်တိုက်ဖြစ်နေတော့ အမြဲတမ်းစားချင်မိတာကလည်း ပူပူနွေးနွေးဟော့ပေါ့လေးတစ်ပွဲ။ ဒီနေ့တော့စမ်းချောင်းထဲရောက်ခိုက် fbထဲမှာတွေ့ထားတဲ့ ထိုင်းဟော့ပေါ့စားချင်လာတယ်။ လစာကလေးထုတ်ထားပေမယ့်လည်း ချွှေတာရမယ်ဆိုတော့ ကောင်းလည်းကောင်း တန်လည်းတန်တဲ့ ဆိုင်လေးတစ်ဆိုင်ကိုတော့ရွေးပြီး OKM ပရိသတ်တွေအတွက် လက်တို့ပေးလိုုက်ပါတယ်။
ဆိုင်နာမည်ကတော့ Thaix Box Restaurant ပါ။ သိတဲ့သူတွေလည်းသိကြမှာပါ။ ထိုင်းအစားအစာအဓိကရောင်းချပေးပါတယ်။ ဆိုင်ရဲ့မီနူးတွေများလွန်းလို့ အောက်မှာပဲကြည့်လိုက်တော့နော်။ ဒီနေ့သွားစားဖြစ်တာက မကြာသေးခင်ကမှမိတ်ဆက်ပေးထားတဲ့ ထိုင်းဟော့ပေါ့ buffetပါ။ အချိန်ကို (၁)နာရီခွဲအတွင်းကြိုက်သလောက်စား။ လူကြီးဆိုရင်(၇၅၀၀)၊ ၅နှစ်ကနေ ၁၀နှစ်ကလေးဆိုရင် ၄၀၀၀ နဲ့ ၅နှစ်အောက်ဆိုရင် freeပါ။
ထိုင်းဟော့ပေါ့ဆိုလို့ အချဉ်အစပ်တွေမထင်လိုက်ပါနဲ့။ အရည်က အချိုရည်တစ်မျိုးထဲမှာ ခပ်ပေါ့ပေါ့လေးနဲ့ ခံတွင်းရှင်းစေလို့ တစ်မျိုးလေးစားကောင်းနေပြန်ပါတယ်။ အသားကတော့ ကြက်၊ ဝက်၊ အမဲ။ ငါး၊ ပင်လယ်စာရှိပါတယ်။ ခေါက်ဆွဲအပြင် ကွေ့တီယိုခေါက်ဆွဲလည်း ထည့်ပြီးသုံးဆောင်လို့ရပါတယ်။ တခြား ထိုင်းစာတွေဖြစ်တဲ့ ပြောင်းဖူးထောင်း၊ ကြက်ခြေထောက်သုပ်တွေလည်း အစုံပါပဲ။ သူတို့လည်း buffet ထဲမှာအကုန်ပါပါတယ်။
အချဉ်ရည်ကလည်းစပ်ထားပေးပြီးသားပါ။ ကြက်သွန်ဖြူ။ချင်းနိုင်နိုင်ရောထားလို့ စားရတာပိုပြီးအရသာရှိတယ်လေ။(၁)နာရီခွဲအထိ ကြိုက်သလောက်စား။ (၁)အိုးကို နှစ်ယောက်လောက်စားယူရတယ်။
နောက်တစ်မျိုးကတော့ မဲဆောက်spicy Noodleခေါက်ဆွဲ။ သူကတော့ အစပ်နည်းနည်းများပါတယ်။ ကြက်သားရယ်၊ ခေါက်ဆွဲကို ဟင်းအနှစ်အရည်ကျဲကျဲလေးလောင်းထားပေးတယ်။ အုန်းနို့အရသာနည်းနည်းပါတယ်။ ခေါက်ဆွဲသားအိအိလေးနဲ့ ခပ်စပ်စပ်ဟင်းရည်ပေါင်းစပ်ထားတဲ့ မဲဆောက်spicy noodleကိုလည်းကြိုက်နှစ်သက်ကြမှာပါ။ သူကတော့ တစ်ပွဲကို ၁၂၀၀ပါ။
ချစ်စရာကောင်းတဲ့ဆိုင်အပြင်အဆင်လေးရယ် အပေါ်ထပ်၊အောက်ထပ်နှစ်ထပ်ရှိလို့ ကျယ်ကျယ်ဝန်းဝန်းနဲ့သက်တောင့်သက်တာရှိပါတယ်။ ဆိုင်နဲ့နီးစပ်ရာနေရာတွေကို အော်ဒါပို့ပေးသလို ပွဲတွေ၊အခမ်းအနားတွေအတွက်လည်းအော်ဒါမှာယူလို့ရပါသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၇၆)၊ မင်္ဂလာလမ်းနဲ့ ဦးစံညွန့်လမ်းထောင့်၊ စမ်းချောင်းမြို့နယ်မှာရှိပါတယ်။ ဖုန်းနံပါတ်တွေကတော့ ၀၉-၄၄၈၄၄၈၄၄၁, ၀၉-၄၄၈၄၄၈၄၄၂, ၀၉-၄၄၈၄၄၈၄၄၃တို့ပဲဖြစ်ပါတယ်။
သတင်းကောင်း- လမ်းကြောင်းကူပွန်အသုံးပြုသူတွေအတွက် Thai box restaurantမှာ discount ကူပွန်တွေအသုံးပြုလို့ရနေပါပြီနော်။ http://bit.ly/2NJoxYf