The Chicken Rice Shop(စားသောက်ဆိုင်)

အစားအစာဆိုတာလူ့နဲ့တည့်ပါတယ်။ တစ်နေ့တာလုံး အလုပ်တွေလုပ်ပြီး ကုန်ခမ်းသွားတဲ့အားတွေကို အစားအစာနဲ့ပဲပြန်ဖြည့်ကြမယ်လေ။ အချဉ်၊အစပ်အရသာတွေက ထမင်းစားမြိန်စေမေယ့် အာဟာရဓာတ်ကို လိုသလောက်တော့ ဖြည့်တင်းပေးနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ဒီတပတ် အစားကောင်းကြိုက်တဲ့ foodie တို့အတွက် အာဟာရလည်းရှိ၊ အရသာလည်းရှိတဲ့ The Chicken Rice Shop ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
The Chicken Rice ဆိုတဲ့အတိုင်း ကြက်သားကတော့ ဦးစားပေး menu တစ်ခုပေါ့။ ခေါက်ဆွဲလည်းရပါတယ်။ Setလိုက် menu တွေလည်းရှိသလို တစ်ပွဲချင်းဟင်းပွဲတွေလည်း မှာယူလို့ရပါတယ်။
ဒီတော့ setထဲက Double Delight (2pax)ကိုပြောပေးမယ်နော်။ သူကတော့ နှစ်ယောက်စာ (၁၄၀၀၀)။ set ထဲမှာ ထမင်း၊ ဟင်းချို၊ အသားဟင်း(၂)ပွဲ ဟင်းရွက်ကြော်၊ ဖျော်ရည် ပါဝင်ပါတယ်။အသားဟင်း(၂)ပွဲမှာ ကြက်ကင်ရယ်၊ ကြက်ပေါင်းရယ် ပါဝင်ပါတယ်။ ကြက်ပေါင်းမှာမှ အရသာ(၂)မျိုးရှိပါတယ်။ ကြိုက်တာကိုပြောင်းမှာလို့ရပါတယ်။
ကြက်ကင်ဆိုရင် အပေါ်ကအရေခွံကို ခပ်ကြွပ်ကြွပ်လေးဖြစ်အောင်ကင်ပြီး အပေါ်ကဆော့အချိုရည်၊ နှမ်းလေးတွေဖြူးထားပေးတယ်။ ကင်ထားတဲ့ကြက်သားအရသာခပ်ချိုချိုလေးကိုသဘောကျမှာပါ။
ကြက်ပေါင်းဆိုရင် ပဲငံပြာရည်နဲ့ပေါင်းထားတယ်။ သခွားသီးလေးနဲ့တွဲပြီးစားရင် ပိုစားကောင်းတယ်။ ကြက်သားအတွက် အချဉ်ရည်(၂)မျိုးပေးထားပါတယ်။ ငရုတ်ဆီနဲ့ အစာကြေအောင် ဂျင်းထောင်းလေးနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။
ထမင်းဖြူ၊ ကြက်ဆီထမင်း ကြိုက်ရာ သုံးဆောင်လို့ရပါတယ်။ ကြက်ဆီထမင်းက ပုံမှန်စားနေကျ စေးစေးကြီးမဟုတ်ဘဲ ကြက်ပြုတ်ရည်နဲ့ပေါင်းထားတဲ့ ထမင်းပါ။ လုံးဝအီမနေပါဘူး
ဟင်းချိုကတော့ ငါးအသားလုံးဟင်းရည်အပြင် နောက်ထပ် ကြက်ဆီထမင်းနဲ့တွဲစားဖို့ ကျောက်ဖရုံသီးဟင်းချို ထပ်ပါ ပါသေးတယ်။
ဟင်းရွက်ကြော်ထဲမှာဆိုလည်း ပဲပင်ပေါက်နဲ့ မုန့်ညှင်းကြော် ကြိုက်တာမှာလို့ရပါတယ်။

နောက်တစ်ခုက Nyonya Pai Tee လို့ခေါ်တဲ့ စားစရာတစ်မျိုးပဲ။ အရသာက ကော်ပြန့်ကြော်နဲ့တူပြီး အပြင်သားကတော့ ကြွပ်ရွနေတာပဲ။ အထဲကအစာတွေကတော့ အသီးအရွက်နဲ့ကြက်သားပါဝင်ပါတယ်။
Set ထဲက ဖျော်ရည်ထဲမှာဆိုရင် coca cola , spriteနဲ့ orange ကြိုက်တာမှာလို့ရပါတယ်။ တခြားအချိုရည်မှာချင်ရင်တော့ ဖျော်ရည်နှုန်းအတိုင်းထပ်ပေးယုံပါပဲ။
The Chicken Rice Shop က အချိုမှုန့်လုံးဝမသုံးထားပါဘူး။ ဒီတော့ ဘိုးဘိုးဘွားဘွားတွေအတွက်ပဲဖြစ်ဖြစ်၊ သားသားမီးမီးလေးတွေအတွက်ပါစားလို့အဆင်စေမယ့် အာဟာရပြည့်ဝတဲ့ ဟင်းလျာတွေဖြစ်စေမှာပါ။
ဆိုင်ကတော့ လှည်းတန်းစင်တာ မြေညီထပ်မှာရှိပါတယ်နော်။