J Restaurant(ဗမာအစားအစာ)
ဒီနေ့ OkM foodieတွေအတွက် အိမ်ချက်ဟင်းအစုံ၊ တောဓလေ့ရိုးရာဟင်းမျိုးစုံပါ ရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပေးမယ်။
ဆိုင်လေးက သွားလာရလွယ်ကူတဲ့ လှည်းတန်းစင်တာအောက်ထပ်မှာပါ။ လိုက်ခဲ့နော်။
ရောက်ပါပြီ။ J- Restaurant လို့ခေါ်တဲ့ ဆိုင်လေးပါ။
ဆိုင်တစ်ခုလုံးကတော့ menuတွေအပြည့်ပါပဲ။
ဒီဆိုင်မှာက အဓိက မြန်မာ့ရိုးရာ ထမင်းဟင်းတွေကိုမှ အိမ်ချက်၊ တောချက်ပုံစံမျိုးတွေလည်းရနိုင်သလို Today Special အလန်းစားတွေနဲ့အမြဲပြောင်းလဲနေပါတယ်။ ပြီးတော့ အုန်းထမင်း၊ နှမ်းထမင်း၊ အသုပ်စုံဖျော်ရည်မျိုးစုံ အားလုံးရပါတယ်။ အော်ဒါလည်းမှာလို့ရပါတယ်။
ပြီးတော့ တစ်ပတ်စာအတွက် ထမင်းset တွေလည်း ရှိပါတယ်။ ဥပမာ- စနေနေ့လိုမျိုးဆိုရင် ကြက်ကြော်အစပ်နှပ်၊ ဝက်သားပဲသီးအချိုကြော်၊ ကင်းမွန်မဆလာ အစပ်ချက်၊ ဘူးဘီးဟင်းခါး ဆိုပြီးတော့ရှိတယ်။ ဆိုတော့ကား အများကြီး တွေးပြီးစဉ်းစားစရာသိပ်မလိုတော့ဘူးထင်ပါတယ်။
အကြိုက်ဆုံးပြောပါဆိုရင်တော့ အုန်းထမင်း။ နေ့တိုင်းရတဲ့menu နော်။သူနဲ့ တွဲစားတာက ကြက်သားကာလသားဟင်း။ ကြက်သားနဲ့မစားချင်ဘူးဆိုရင်လည်း ကြိုက်တဲ့ဟင်းပြောင်းမှာလို့ရပါတယ်။ ကြက်သားကာလသားချက်ကလည်းနေ့တိုင်းရပါတယ်။ ဟင်းထဲမှာဆိုရင်လည်း ဗမာစာစစ်စစ် ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ ကင်းမွန် ဟင်းတွေရနိုင်ပါတယ်။
အုန်းထမင်းပဲစားမယ်ဆိုရင်တော့ (၂၀၀၀)ပါ။ ဟင်းနဲ့ဆိုရင်တော့ (၃၅၀၀)ပါ။
အရည်သောက်ဆိုရင် ကင်းမွန်ရွက်ဟင်းချို၊ ဘူးသီးဟင်းခါး၊ ပုစွန်ချဉ်ပေါင်ဟင်းချို၊ သီးစုံပဲကုလားဟင်း၊ ဂေါ်ဖီဟင်းချို၊ ပဲနီလေးကြာဇံ၊ ကြက်ပေါင်းဟင်းချို၊ ငါးဖယ်ဟင်းချို၊ ငါးဖယ်ချဉ်စပ်ဟင်းချို တွေရနိုင်ပါတယ်။
အရည်သောက်တစ်ခွက်ကို(၅၀၀)ပါ။
အသုပ်ဆိုရင်လည်း ဗမာအကြိုက်ဆိုတော့ ဆီချက်ခပ်များများနဲ့သုပ်ထားတယ်။ ဆီရွဲရွဲ ချဉ်ငံစပ် အသုပ်စုံ။ အညာထမင်းသုပ်၊ အာလူးထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းသုပ် ။
အသုပ်တွေက တစ်ပွဲကို(၁၅၀၀)(၂၀၀၀)ဝန်းကျင်မှာရှိပါတယ်။
အချိုပွဲတွေဆိုရင် ပြောင်းဖူးပေါင်း၊ ကန်စွန်းဥပေါင်း၊ အုန်းနို့ကျောက်ကျော၊ အအေးမျိုးစုံကိုမှ သံဗူး၊ သဘာဝအသီးဖျော်ရည် စစ်စစ်။
ဒီဆိုင်မှာ ထူးခြားတာက မြန်မာ့ရိုးရာ ဟင်းအစုံရနိုင်တာပါ။ ဆိုင်ပုံစံလေးကလည်း ရိုးရာနဲ့ modern နှစ်မျိုးပေါင်း နန်းစံတယ်ပေါ့။
ဆိုင်ကတော့ မနက်(၉)နာရီကနေ ည(၉)နာရီအထိ ဗမာစာ စစ်စစ်တွေကိုဖွင့်လှစ်ရောင်းချပေးနေပါတယ်။ ဖုန်းနံပါတ်တွေကတော့ 09-426060778, 09-421145731 တို့ကိုဆက်သွယ်ပြီး အော်ဒါမှာယူနိုင်ပါတယ်။
ပြီးတော့ ဒီဆိုင်မှာ ပရိုမိုးရှင်းအနေနဲ့ langyaung.com ကိုအသုံးပြုတွေအတွက် ဘာစားစား ၃၀၀၀ လျှော့ဈေးရှိတယ်ဆိုတာလေးလည်း ပြောပြပေးလိုက်ပါတယ်နော်။
https://www.langyaung.com/webapp/ezdin-gar/coupon/59b242c3ee1750.83404856
ဆိုင်လိပ်စာကတော့ အခန်းအမှတ်(၁၃) ၊ လှည်းတန်းစင်တာ မြေနီထပ်မှာရှိတဲ့ J- Restaurant ဆိုတဲ့ဆိုင်လေးကို OkM foodieတွေအတွက် ရွေးချယ်ပေးလိုက်ပါတယ်။