ကျောက်မဲယူနန် စားသောက်ဆိုင်

အစားအသောက်ကောင်းကောင်းနဲ့ ညဘက်ဗိုက်ဆာတက်တဲ့သူတွေအတွက် ဆိုင်ကောင်းကောင်းတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်ကတော့ ဆရာစံလမ်း၊ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုနားမှာရှိတဲ့ ကျောက်မဲယူနန်စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်ကတော့ မနက်(၆)နာရီကနေစတင်ဖွင့်လှစ်ပေးပြီး ညလယ်စာကတော့ ည(၈)နာရီကနေ မနက်(၂)နာရီအထိဆိုင်ဖွင့်ထားပါတယ်။ ညလယ်စာအဖြစ် ပဲပြုတ်ထမင်းေြက်ာ၊ မုန့်ဟင်ခါး(ဟင်းချို့မုန့်မသုံးထားပါဘူး)၊ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ မြီးရှည်၊ ရှမ်းထမင်းဝါ၊ ငါးထမင်းချဉ်နဲ့ ဆိုင်မှာ ထူးထူးခြားခြားတွေ့ခဲ့တာက ပုရစ်ေြက်ာ၊ကြက်ခြေထောက်စွပ်ပြုတ်နဲ့ ရှမ်းပြည်ဝက်သားချဉ် လည်းမှာယူသုံးဆောင်နိုင်ပါတယ်။
မနက်ပိုင်းဆိုရင်တော့ ဟော့ပေါ့၊ တရုတ်ဟင်းလျာမျိုးစုံနဲ့ အအေးမျိုးစုံကိုလည်း ရပါတယ်။ ကျောက်မဲယူနန်ဆိုင်ကတော့ ယူနန်စတိုင်ဟော့ပေါ့ရဲ့ပုံစံကိုအရင်ပြောပြပေးမယ်နော်။ ဘူဖေးမဟုတ်တဲ့အတွက် တစ်ခါတည်းချက်ထားပြီးသားပါ။ ပွဲကြီးပွဲသေး ကို ပင်လယ်စာ၊ ဝက်သား၊ ကြက်သားနဲ့ အရည်ကတော့ တုံယမ်းနဲ့အချိုမှာလို့ရပါတယ်။ ပွဲကြီး(၄သောင်းဝန်းကျင်ကနေ)ပွဲအသေးဆုံး(၂သောင်း)အထိရှိပါတယ်။ ပွဲသေးမှာရင်တောင် သုံးယောက်ဝဝလင်လင်စားလို့ရပါတယ်။ ဟင်းပွဲမှာပါတဲ့အရွက်တွေကတော့ ပဲရွက်၊ မုန်ညင်း၊ မုန်လာဥ၊ ပိန်းဥ၊ မှို၊ အပ်မှိုပြီးနောက်နောက်ထပ်အရွက်တွေလည်းပါသေးတယ်။ အစုံပဲ၊ အသားအတွက်ကတော့ ကြက်သားလုံးနဲ့ ကြက်သားပါ ပါတယ်။ ဂဏန်းချောင်း၊ ငုံးဥ၊ ကြက်ဥလိပ်ကြော်လည်းထပ်ထည့်ထားပေးသေးတယ်။ အရသာကိုပြောရရင် အသားပြုတ်အရသာထက် ဟင်းရွက်အရသာဘက်ကိုပိုသွားပါတယ်။ အငန်ကြောက်တဲ့သူတွေအတွက်ကတော့ ကွက်တိပဲ။ အချိုနည်းနည်းလေးပေါ့တယ်လို့ထင်ရတယ်။ အချဉ်ရည်ကစပ်ထားပြီးသားပါ။ ဟင်းရည်ကြိုက်သလောက်တောင်းလို့ရပါတယ်။ အချိုပွဲကfree သဘောၤသီး၊ ဖရဲသီး။
ကျောက်မဲယူနန်မှာရနိုင်တဲ့ promotionအကြောင်းလေးကိုပြောပြမယ်။
ပထမတစ်ခုကတော့ Hot pot crazyတို့အတွက် သတင်းကောင်းပါ။ ကျောက်မဲယူနန်ဆိုင်မှာ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့မှာ လာစားမယ့် customersတွေအတွက် အထူးdiscount ရှိပါတယ်။
နောက်ထပ်တစ်ခုက မွေးနေ့၊ပါတီပွဲတွေ စီစဉ်ချင်တယ်ဆိုရင်လည်း ၁၅ရာခိုင်နှုန်းdiscount အခန်းခနဲ့ သီးစုံအချိုပွဲ(free)ကိုလည်း ဝန်ဆောင်မှုပေးနေပါတယ်။
ဆိုင်ရဲ့အပြင်ဘက်မှာလည်း လွတ်လွတ်လပ်လပ်သုံးဆောင်နိုင်သလို ဆိုင်ထဲမှာလည်း သီးသန့်အခန်းတွေနဲ့ဝင်ရောက်သုံးဆောင်နိုင်ပါသေးတယ်။
ဆိုင်အပြင်အဆင်ကျယ်ကျယ်ဝန်းဝန်းရှိလို့ ရုံးပါတီပွဲတွေပဲဖြစ်ဖြစ်၊ မွေးနေ့ပွဲတွေဖြစ်ဖြစ်စီစဉ်ချင်သူတွေအတွက် ပိုအဆင်ပြေစေပါတယ်။ ကားပါကင်အတွက်လည်းပူစရာမလိုပါဘူး။
ဒီတော့ ဟော့ပေါ့စားချင်ရင်ပဲဖြစ်ဖြစ်၊ တခြားထိုင်း၊တရုတ်ဟင်းလျာတွေစားချင်ရင်ပဲဖြစ်ဖြစ်၊ ညဘက်ဗိုက်စာလာလို့ ဘယ်သွားစားရမလည်းမသိရင်ပဲဖြစ်ဖြစ် တစ်နေရာတည်းမှာအဆင်ပြေစေမယ့် ကျောက်မဲယူနန်ကို သတိရလိုက်နော်။ ဖုန်းနဲ့ဆက်သွယ်ချင်တယ်ဆိုရင်လည်း ၀၁-၅၅၅၀၈၆၊ ၀၁-၅၄၃၄၈၀၊ ၀၁-၅၅၃၉၂၃ကို ဖုန်းဆက်လို့ရပါတယ်။
ဆိုင်လိပ်စာလေးနောက်တစ်ခေါက်ထပ်ပြောပေးပါမယ်။ အမှတ်(၂၆)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ် မှာရှိတဲ့ ကျောက်မဲယူနန်စားသောက်ဆိုင်ကို မိတ်ဆက်ပေးလိုက်ပါတယ်။