ဂျိုဂျို ဟော့ပေါ့ (အလုံ)
အစားတစ်လိုင်းတို့အတွက်ဟော့ပေါ့အဝစားဆိုင်တစ်ဆိုင်ကိုလက်တို့ပေးမယ်နော်။ဘယ်လောက်စားစားကြိုက်သလောက်စားတစ်ယောက်(၁၂၀၀၀)ဆိုတော့တန်တာပေါ့နော်။ ဆိုင်ကတော့ အောက်ကြည်မြင်တိုင်လမ်းမကြီးပေါ်ရှိတဲ့ JoJo Hot pot ဆိုင်ပါ။
Jo Jo Hot Pot ဆိုင်ကတော့ နှစ်ထပ်တိုက်လေးပါ။ တစ်ခုရှိတာက လူအရေအတွက်ပေါ်မူတည်ပြီး နေရာလေးတွေကိုတော့ ဆိုင်ကဝန်ထမ်းတွေက ရွေးချယ်ပေးပါတယ်။ ဒါလေးကတော့ စစချင်းသွားစားတဲ့သူတွေအတွက်သိရအောင်ပါ။
Jo Jo Hot Pot ဆိုင်မှာဘာဟင်းရည်တွေနဲ့သုံးဆောင်နိုင်လည်း
ဟင်းရည်အချိူ၊ မာလာ၊ တုံယမ်း၊ မီဆို၊ ခရမ်းချဉ်သီး ဆိုပြီး အရသာ(၅)မျိုးရှိပါတယ်။ အသား၊ ဟင်းသီဟင်းရွက်ကတော့ ကိုယ်ကြိုက်တာရွေး။ စင်ပေါ်မှာထားတဲ့ပွဲတွေကတော့ တစ်ယောက်စာပွဲလေးတွေများပါတယ်။ အသားနဲ့ ပုစွန်မှာ ပွဲကြီး၊ ပွဲသေးထပ်မှာလို့ရတယ်။
အချဉ်ရည်က
ကိုယ်တိုင်စိတ်ကြိုက်စပ်မလား။ စပ်ထားပြီးသားထဲမှာ Jo Jo (အချို)၊ Jo Jo sauce(အစပ်)ဆိုပြီးရှိပါတယ်။
ဒါပဲလား
ရှိသေးတာပေါ့။ အကြော်အလှော်အနေနဲ့ ပုစွန်တန်ပူရာ၊ ကြက်ကြော်၊ ယူနန်ဝက်သားကြော်၊ ပုစွန်အာလူးလိပ်ကြော်၊ Jo Jo ကြက်တောင်ပံကြော်၊ မန်ထို၊ ခေါက်ဆွဲကြော်နဲ့ ထမင်းကြော်လည်း ထပ်ပြီးသုံးဆောင်နိုင်ပါတယ်။
ဘာတွေထူးခြားလည်း
JoJo Hot Potက အချိုမှုန့်လုံးဝမသုံးပဲ အကြော်အလှော်တွေမှာလည်း နေကြာဆီပဲသုံးထားပါတယ်။
အချိုပွဲကရော
ရေခဲမုန့်ကြီးပဲ အရသာ(၅)မျိုးရှိတယ်။ ဖရဲသီး ကျောက်ကျော အဝစားလို့ရသေးတယ်။ အချိုရည်ဆိုရင် Lemon tea, Cola, sprite, Orange , ရေ ကြိုက်ရာကို free သုံးဆောင်လို့ရပါတယ်။
ကျန်းမာရေးအတွက်ဝိတ်ချနေတယ်။ အဆီလည်းမတက်ချင်ဘူးဆိုရင်တော့ JoJo Hot Pot ကိုညွှန်းပေးချင်တယ်နော်။ အချိန်လည်းအကန့်အသတ်မရှိသလို အဝစား(၁၂၀၀၀)ထဲမှာပဲ ဝန်ဆောင်ခ၊ အခွန် ပါ အပါအဝင်ဆိုတော့….
ဆိုင်လိပ်စာက အမှတ်(၅၀၈၊အေ) အောက်ကြည်မြင်တိုင်လမ်း၊ ကြည်မြင်တိုင်မြို့နယ် မှာရှိပါတဲ့ Jo Jo Hot Pot ဆိုင်ကို နယ်ချဲ့လိုက်ပါဦးနော်။