ခရက်ဖ် ကော်ဖီ
ဒီတပတ်အတွက် foodie တို့အတွက်ရွေးချယ်ပေးထားတဲ့ ဆိုင်လေးတစ်ဆိုင်ကိုပြောပါဆိုရင်မိုးအေးအေးလေးမှာ နေ့လယ်စာကောင်းကောင်းစားရင်း ဇိမ်ကျကျအနားယူနိုင်မယ့် ယောမင်းကြီးလမ်းထဲက Craft Café ဆိုတဲ့ အနောက်တိုင်းစားသောက်ဆိုင်ပါ။
နဝဒေးလမ်းနဲ့ဗိုလ်ရာညွန့်လမ်းထောင့်မှာရှိတဲ့ ကော်ဖီဆိုင်ခပ်ကြီးကြီးဆိုရင် အားလုံးသိကြမှာပါ။ ဒီဆိုင်မှာအဓိကမီနူးကတော့ ကော်ဖီ၊ဘာကာနဲ့ မနက်စာအတွက်ရွေးချယ်စရာများတဲ့ sandwichတွေ၊ ပေါ့ပေါ့ပါးပါးစားလို့ရမယ့် Asian delightsအစားအစာတွေရရှိနိုင်ပါတယ်။
ဒီနေ့တော့ မင်မင်တို့အဖွဲ့တွေက ပေါ့ပေါ့ပါးပါးလေးတွေထက် ဗိုက်လည်းစားနေတော့ Main dish တွေထဲက Teriyaki chickenရယ်၊ Pork ribရယ်ပြီးတော့ Spicyလေးပါမှပြည့်စုံတာဆိုတော့ chicken wing spicyလေးရယ်။ စိန်တစ်လုံးသရက်သီးဖျော်ရည်လေးကလည်း သောက်ချင်တော့ မှာလိုက်သေးတယ်ပေါ့။
ပထမဦးဆုံး Teriyaki chickenနဲ့ pork ribမှာ အကြိုက်ဆုံးကိုပြောပါဆိုရင် နူးညံ့လွန်းတဲ့အသားအရသာပါပဲ။ Teriyaki chickenမှာဆိုရင် ဂျင်းနံ့သင်းသင်းလေးနဲ့ နူးညံံ့တဲ့ကြက်သားအရသာချိုချိုလေးက စားချင်စိတ်ကိုပိုပိုဖြစ်စေပါလိမ့်မယ်။ငရုတ်ကောင်းမှုန့်လေးပါးပါးလေးဖြူးလိုက်ရင် ပိုစားကောင်းပါတယ်။ ဈေးနှုန်းက(၅၀၀၀)ဆိုပေမယ့် စားရတဲ့အရသာနဲ့ပေးရတာနဲ့တန်ပါတယ်။
Pork ribဆိုရင်လည်း ပုံမှာတွေ့တဲ့အတိုင်း ရှယ်ပဲ။ ဆော့ခပ်ချိုချိုလေးပေါင်းစပ်ထားတဲ့ အသားရဲ့အရသာကလျှာလည်သွားစေလောက်တယ်။အသားကအိပြီးမွှေးမွှေးလေးဆိုတော့ မနားတမ်းဆွဲပြီလေ။ သိပ်အများကြီးမပြောတော့ပါဘူး။သူကတော့တစ်ပွဲကို (၅၈၀၀)ပါ။
Chicken wing spicyကတော့အစပ်လို့ပြောပေမယ့် မြန်မာပါးစပ်နဲ့ဆိုရင် နည်းနည်းတောင်ချိုတဲ့အရာလေးကဲနေပါတယ်။ နှစ်မျိုးရပါတယ်။ ပျားရည်နဲ့ spicy ပါ။ တစ်ပွဲမှာ တောင်ပံ(၅)ချောင်းပါပါတယ်။ အပြင်ပိုင်းကကြည့်ရင် ခပ်ပျော့ပျော့တောင်ပံကြော်လို့ထင်ရပေမယ့် တစ်ကယ်တမ်းတော့စားကြည့်တော့မှ အရေခွံခပ်ကြွပ်ကြွပ်လေးကို chilli ဆော့အစပ်နဲ့ပေါင်းစပ်ပေးထားတာပါ။ သူကလည်း(၅၀၀၀)ပါ။
ကဲနောက်ဆုံး စိန်တစ်လုံးသရက်သီးဖျော်ရည်လေး။ သိပ်ပြီး ညွန်းစရာမလိုလောက်ပါဘူး။ ခပ်ပျစ်ပျစ်သရက်သီးဖျော်ရည်လေးက နောက်ဆုံးအစာပိတ်အဖြစ်။ လတ်ဆတ်တဲ့သရက်သီးဖျော်ရည်လေးက တစ်နေ့တာအတွက် အားဖြည့်စေမယ့်အချိုရည်တစ်ခွက်ပါ။ တစ်ခွက်ကို (၃၂၀၀)ပါ။
အောက်ထပ်မှာအေးအေးဆေးဆေးပေါ့ပေါ့ပါးပါး ကော်ဖီသောက်၊မုန့်စားနိုင်သလို အပေါ်ထပ်မှာလည်း အလုပ်လုပ်ရင်း၊ အနားယူရင်း လွတ်လွတ်လပ်လပ်သုံးဆောင်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီကနေစလို့ ည(၁၁)အထိပါ။ဖုန်းနံပါတ်ကတော့ ၀၉၉၆၀၆၀၈၃၃၃။
ဆိုင်လိပ်စာ- အမှတ်(၃၃)၊ နဝဒေးလမ်းထောင့်နဲ့ ဗိုလ်ရာညွန့်လမ်းထောင့်၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်က Craft Café ကော်ဖီဆိုင်ပါ။
#okmyanmarrestaurantreview