Lan Gyaung မှကြိုဆိုပါသည်။

Lan Gyaung အကြောင်း

Lan Gyaung Website အားဝင်ရောက်အသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါသည်။

Lan Gyaung ဆိုသည်မှာ အများပြည်သူတို့သွားလို့သည်နေရာများ၏ အနီးဆုံးနှင့် အကောင်းဆုံး နေရာများကို အမြန်ဆုံး၊ အတိကျဆုံးလမ်းညွန်ပေးနိုင်သည့် အွန်လိုင်းလမ်းညွှန်တစ်ခုဖြစ်ပါသည်။

Lan Gyaung Website သည် လုပ်ငန်းအမျိုးမျိုး၏ နောက်ဆုံးရအချက်အလက်များနှင့် တည်နေရာများကို ကိုယ်တိုင်ချိတ်ဆက်ရှာဖွေထားသော GPSစနစ်သုံးလမ်းညွန်တစ်ခုဖြစ်ပါသည်။ Lan Gyaung Website အသုံးပြုသူများအနေဖြင့် ကိုယ်ပိုင်အချက်အလက်များကိုထည့်သွင်းခြင်း၊ မျှဝေခြင်းများကို လူမှုကွန်ရက်ကဲ့သို့ အသုံးပြုနိုင်သည့် လမ်းညွှန်တစ်ခုဖြစ်သည်။

စည်းမျဉ်းစည်းကမ်းများ

Lan Gyaung Website ကို အသုံးပြုသူများအနေဖြင့် ဖြည့်သွင်းထားသော အကြောင်းအရာ အချက်အလက်များ၊ ပုံများ၊ ပိုစ့်များအား Lan Gyaung နှင့်တကွရုံးခွဲများ၊ လက်အောက်ခံကုမ္ပဏီများ၊ အကျိုးတူကုမ္ပဏီများက အသုံးပြုခြင်း၊ဖော်ပြခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဆင့်ပွားပြင်ဆင်ထုတ်လုပ်ခြင်း၊ media ကဏ္ဍများတွင်အသုံးပြုခြင်းနှင့်ကမ္ဘာအနှံမည်သည့်ကိစ္စတွင်မဆို အခမဲ့လုပ်ပိုင်ခွင့်များရှိနေမည်ဖြစ်သည်။

Lan Gyaung Website တွင်တင်သမျှ ဓာတ်ပုံများနဲ့အချက်အလက်များကို Lan Gyaung Website မှတစ်ဆင့် သင့်ထံ(သို့မဟုတ်)အခြားသူများထံ လွှဲပြောင်းပေးခြင်း၊ ပြန်လည်အပ်နှံခြင်း(သို့မဟုတ်) မည်သည့်နည်းလမ်းမျိုးနှင့်မဆို လုပ်ဆောင်ပေးမည် မဟုတ်ပါ။

Lan Gyaung Website ကိုအသုံးပြုနိုင်ရန်အတွက် သင့်ထံတွင် ကိုယ်ပိုင်အကောင့်တစ်ခုရှိရမှာဖြစ်ပြီး သင့်အကောင့် အသစ်(သို့မဟုတ်) အဟောင်း ကိုသုံးပြီး Lan Gyaung တွင် အကောင့်တစ်ခုဖွင့်ရပါမည်

သင့်အကောင့်အားလုံခြုံစေရန် သင့်စကားဝှက်အားလျှို့ဝှက်ထားမှာဖြစ်ပြီး အကောင့်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသော ကိစ္စရပ်များသည် သင့်တာဝန်သာဖြစ်သည်။

အောက်ပါအချက်များမှ တစ်ခုခုနှင့်ညှိစွန်းခဲ့ပါက သင့်Lan Gyaung အကောင့်အား ယာယီ(သို့မဟုတ်) အပြီးအပိုင်ဖျက်သိမ်းနိုင်မည်ဖြစ်သည်။

  • မိသားစုအတူတကွကြည့်ရန်မသင့်လျော်သော အကြောင်းအရာ ၊
  • ရိုင်းစိုင်းသောအသုံးအနှုန်းများသုံးခြင်း (သို့မဟုတ်) ဆဲရေးတိုင်းထွာခြင်း၊
  • ကာမဆိုင်ရာအကြောင်းအရာများဖော်ပြခြင်း၊

လက်ရှိစည်းကမ်းချက်များအပြင် Lan Gyaung Website မှ ထပ်တိုးစည်းကမ်းချက်များ ပြင်ဆင်ရေးဆွဲခဲ့ပါက သိရှိနိုင်စေရန်အတွက် အထက်ပါစည်းမျဉ်းစည်းကမ်းများကို ပုံမှန်ဖတ်ရှုစေလိုပါသည်။

ဝန်ဆောင်မှုဆိုင်ရာ

Lan Gyaung Website ဝန်ဆောင်မှုအားအသုံးပြုနေစဉ်အတွင်း သင့်အချက်အလက်များအတွက် Lan Gyaung Website ကိုစိတ်ချယုံကြည်နိုင်သည်။ အချက်အလက်များအားစုဆောင်း၍ အသုံးပြုသူများနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကိုတိုးမြှင့်သွားရန် ရည်ရွယ်ပါသည်။

ဆက်သွယ်ရန်

သိချင်သောအချက်အလက်များနှင့်မေးခွန်းများရှိပါက info@langyaung.com သို့ အီးမေးလ်ပို့နိုင်သည်။ (သို့မဟုတ်) အောက်ဖော်ပြပါလိပ်စာသို့စာတိုက်မှပေးပို့နိုင်ပါသည်။

Myanmar Online Creations
MS 2 တာဝါ၊ ၉ လွှာ၊ မန္တလေးလမ်း ၊
မင်္ဂလာတောင်ညွန့် မြို့နယ်၊
ရန်ကုန်မြို့